
Blocked Account
Share
Blocked Account ဆိုတာဘာလဲ?
- Blocked Account ဆိုတာ ဘဏ်အကောင့်လို ပါပဲ ကိုယ့်နံမည်နဲ့ အကောင့်ဖွင့်ထားရတာပါ။ အနဲဆုံး ၁၂လစာ ထည့်ထားရပြီး ၁လချင်းစီပြန်ထုတ်ပေးပါတယ်။ စိတ်ချရတဲ့ Service Provider 3 ခုလောက်ရှိပါတယ်။
အဓိကဘယ်သူတွေ ဖွင့်ဖို့လိုအပ်ပါသလဲ?
- ဂျာမနီမှာ ကျောင်းတက်မည့်သူတွေနဲ့ အလုပ်ရှာမည့်သူတွေအတွက် အဓိကလိုအပ်ပါတယ်။ ဗီဇာဝင်တဲ့ အခါမှာ သံရုံးမှာပြရပါတယ်။
ဘယ်လောက်ထည့်ရမလဲ?
- Opportunity Card Visa application အတွက်ဆိုရင် တော့ တလကို (€1092/month) နဲ့ တနှစ်ကို €13,104 ထည့်ထားရပါမယ်။
- Student Visa application အတွက်ဆိုရင် တော့ တလကို (€992/month) နဲ့ တနှစ်ကို €11,904 ထည့်ထားရပါမယ်။
- Account opening မှာ buffer fees, account maintenance fees နဲ့ account setup fees အပါ total €200 ဝန်းကျင်ထပ်ကုန်ကျပါမယ်။
ဗီဇာ မရခဲ့ရင်ရော?
- ဗီဇာ မရခဲ့ရင်တော့ သံရုံးကစာနဲ့ ၁၂လစာလုံး ပြန်ထုတ်လို့ရပါတယ်။
ငုဝါမှ အကောင်းဆုံး နဲ့ စိတ်ချရတဲ့ ဝန်ဆောင်မှုပေးပါတယ်။